
ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ် အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ)၈၄၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) နှင့်ပြောင်းဖူးစေ့(စီပီ) ၁၅၅၆ ကျပ်စျေးတို့ဖြစ် ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ဗမာ) ၁၅၁၉ ကျပ်နှင့် ၁၅၃၇ကျပ်၊ ပြောင်းဖူး စေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၁၅၉၃ကျပ်နှင့်၁၆၁၁ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် စျေးနှင့်ယခင်နှစ်ကာလတူ စျေး နှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ လျော့နည်းသွားကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)