
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဝါးရောင်းချသောဆိုင်များအား အသိပညာပေးဟောပြောပွဲ အခမ်းအနားပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငပုတောမြို့နယ်ရှိ ဆေးရုံအုပ်ကြီးမှ အဖွင့်အမှာစကား ပြောကြားကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်မြို့ရှိ အစားအသောက်နှင့်ဆေးဝါးကွက်ကဲ ရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆေးဝါဥပဒေများအကြောင်း အသေးစိတ် ဆွေးနွေးပြီး FDA မှတာဝန်ရှိ သူတစ်ဦးကလည်း ဆေးဆိုင်များလိုင်စင်လျှောက်ထားရန်နှင့် လိုင်စင်ပါ စည်းကမ်းချက်များအား တိကျစွာ လိုက်နာနိုင်ရန် အသေးစိတ်ရှင်းလင်းပြောကြားပြီး ဟောပြေပွဲကို နေ့လည် (၁၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
DOCA(ဧရာဝတီ)