
တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချလျှက် ရှိရာ ငရုတ်သီးစိမ်း (ကုလားအော်)မှာ ယခင်အပါတ်က (၁)ပိဿာလျှင် ၁၆၀၀၀ကျပ် မှ ၁၈၀၀၀ကျပ် ထိဈေးနှုန်းရှိခဲ့သော်လည်း ယခုစက်တင်ဘာလပထမအပါတ်တွင် (၁)ပိဿာ ၇၀၀၀ ကျပ် မှ ၈၀၀၀ကျပ် သာရှိပြီး၊ ငရုတ်သီး(ကျောက်စိမ်း)မှာ ဩဂုတ်လ နောက်ဆုံးပတ်တွင် ၅၀၀၀ကျပ် ရှိသော်လည်း ယခုပတ်တွင် ၂၅၀၀ ကျပ် ထိဈေးနှုန်းကျဆင်းသွားပါသည်။ ကျောက်စိမ်းငရုပ်သီး အမှည့်ဈေးနှုန်း အနေဖြင့် ၁ ပိဿာ ၅၀၀၀ ကျပ်ရှိပြီး ငရုပ်သီး(မိုးထောင်)မှာ ယခင်လက ၁ ပိဿာ ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ထိ ဈေးနှုန်းရှိခဲ့သော်လည်း၊ ယခုစက်တင်ဘာလပထမ အပါတ်တွင် ၁ ပိဿာ ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းသွားသည်။
ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် အလုံးအသေး၊ အလတ်၊ အကြီး အရွယ်အစားပေါ်မူတည်၍ ယခင်အပတ်က တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ် ထိ ဈေးနှုန်းကွာခြားမှုရှိပြီး ယခုစက်တင်ဘာလ ပထမအပါတ်တွင် တစ်ပိဿာ ၁၅၀၀ ကျပ် မှ ၃၅၀၀ ကျပ်ထိသာ ဈေးနှုန်းကျဆင်းသွားသည်။ ဂေါ်ဖီဈေးနှုန်းအနေဖြင့် ယခင်လနှင့် ယခုအပါတ် ဈေးနှုန်းမှာ ကွာခြားမှု မရှိပဲ ၁ ပိဿာ ၂၀၀၀ ကျပ် ဖြစ်ပြီး ၃ ပိဿာနှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ရောင်းချသည့် ဈေးသည် များထံမှ သတင်းရရှိပါသည်။
DOCA(ပဲခူး)