
ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများ မှာ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၅၅၀၀၀ကျပ်နှင့် ၂၅၈၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၄၅၀၀၀ ကျပ်နှင့် ၂၄၈၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၃၅၀၀၀ကျပ်နှင့် ၂၃၈၀၀၀ကျပ်၊ ကုလားပဲ (929) ၂၄၃၀၀၀ကျပ်နှင့်၂၄၅၀၀၀ကျပ်၊ တစ်ပိဿာပေါက် စျေး မှာကုလားပဲ(V-2) ၄၄၅၄ကျပ်နှင့် ၄၅၀၇ကျပ်၊ကုလားပဲ(V-7)၄၂၇၉ကျပ်နှင့်၄၃၃၂ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၁၇၈ကျပ်နှင့် ၄၂၃၁ကျပ်၊ ကုလားပဲ(929)၄၃၂၀ကျပ်နှင့်၄၃၅၆ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာကုလားပဲ (V-2) ၅၂၄၀ကျပ်နှင့် ၅၃၂၈ ကျပ်၊ကုလားပဲ (V-7)၆၁၁၄ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ကျပ်နှင့် ၅၀၆၇ကျပ်၊ကုလားပဲ(929) ၅၁၉၁ကျပ်နှင့် ၅၂၀၉ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ် နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါ သည်။
DOCA (မန္တလေး)