ပြည်ဒေသတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် မုန်လာဥနီ ဈေးနှုန်းများ

Powered by Drupal

   ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချနေသော ဟင်းသီး ဟင်းရွက်များအပြင် ဂေါ်ရခါးသီးနှင့် မုန်လာဥနီများလည်း ရောင်းချနေကြောင်း သိရပါသည်။ ဂေါ်ရခါးသီးနှင့် မုန်လာဥနီများကို ဟင်းအဖြစ်ချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး စားသောက် ဆိုင်များမှလည်း စီးပွားဖြစ် အသုံးပြုရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ပထမပတ်တွင် ဂေါ်ရခါးသီး အလုံးကြီး (၁)လုံးလျှင် (၈၀၀) ကျပ်၊ အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန်လာဥနီဈေးနှုန်းများမှာ မုန်လာဥနီ (ထိုင်ဝမ်)တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ မုန်လာဥနီ(ဗမာ)တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ သိရှိရသည်။

DOCA(ပဲခူး)