
သီးပင်ရဲ့အသီးကို အရွယ်အစားကြီး၍ ချိုသောမျိုးနှင့် အရွယ်အစားသေး၍ ချဉ်သောမျိုးဟုပြီး (၂) မျိုး ခွဲခြားနိုင်ပါသည်။ သီးသီးဟာ ဥသျှစ်သီးအငယ်စား (သို့မဟုတ်) ပန်းသီးအရွယ်ခန့်ရှိပါသည်။ အတွင်း သားဟာ ပျော့၍အစေ့များပါသည်။ သီးပင်ဟာ ရာသီဥတုနှင့် မြေအမျိုးအစားကို ရွေးသောအပင်မဟုတ်သည့်အတွက် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးနိုင်ပြီး ကိုင်းဖြတ် စိုက်ခြင်းဖြင့်ပေါက်ရောက် ရှင်သန်နိုင်တဲ့အပင်မျိုး ဖြစ်ပါသည်။ သီးပင်ဟာ အလေ့ကျပေါက် ရောက်တဲ့အပင်မျိုးလည်းဖြစ်ပါသည်။ သီးပင်ရဲ့အရွက်ဟာ အနံ့ရှိပြီး ၎င်းမှနံ့သာဆီကို ထုတ်ယူနိုင် ပါသည်။ သီးပင်ရဲ့အခေါက်ဟာ သနပ်ခါး ခေါက်နှင့်တူ၍ သနပ်ခါးကဲ့သို့ သွေး၍လိမ်းကြပါသည်။ ဝမ်းကိုက် ဝမ်းလျှောရောဂါဖြစ်လျှင် သီးသီးကို အသုံးပြုနိုင်ပါသည်။ သီးသီးမှာဆိုရင် အသားဓာတ်၊ သတ္တုဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဖော့စဖောရပ်၊ သံဓာတ်၊ ဗီတာမင်ဓာတ် အစရှိတဲ့ အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အသီးတစ်မျိုး လည်းဖြစ်ပါသည်။ သီးသီးကို ယိုပဲ ထိုးစားစား၊ အနှစ်ကိုတိုက်ပြီး ဖျော်ရည်ပဲ လုပ် သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲစားစား အရသာရှိတဲ့ သီးသီးလေးကို သရေစာ အဖြစ်လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်း စားသုံးကြပါသည်။ ရာသီပေါ်ဖြစ်တဲ့ သီးသီးကို ပေါ်ဦးပေါ်ဖျားတွင် အလုံးချောတစ်လုံးလျှင် ကျပ် (၃၀၀)၊ အလုံးလတ်တစ်လုံးတွင် ကျပ် (၂၀၀) ဈေးနှုန်းဖြင့် ရာသီစာဖြစ်တဲ့အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)