မင်းလှမြို့နယ်ရှိ အုန်းသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အုန်းသီးများ ဝင်ရောက်လျက်ရှိပြီး မင်းလှမြို့ပေါ်ရှိ လမ်းဘေးဈေးသည်များမှ ရောင်းချလျက် ရှိကြောင်းသိရှိရပါ သည်။အချို့မှာအုန်းသီးဆံအစိမ်းကို ကွမ်းယာများထဲတွင်ထည့်၍ စားသုံးကြကြောင်း အုန်းသီးဆံကို ခြစ်၍ကြော်ပြီးလည်း ထိုးမုန့်၊ရွှေကြည်ဆနွင်းမကင်းများပေါ်သို့ ဖြူး၍ လည်းအသုံးပြုလေ့ရှိကြ ပါသည်။ အုန်းသီးဆံကို ညစ်ပြီးရရှိသော အုန်းနို့များကိုလည်း ကျောက်ကျော ပြုလုပ်ခြင်း၊ အုန်းထမင်းချက်ခြင်း နှင့်အစားအသောက်အမျိုးမျိုး ပြုလုပ်ရာတွင် စားသောက် ကြပါသည်။ အုန်းသီးဆံကို နေပူလှမ်း အခြောက်ခံပြီးကြိတ်ကာ အုန်းဆီအဖြစ်ပြုလုပ်ရောင်းချကြပြီး ဈေးကွက် ကောင်းလျက်ရှိပါသည်။ အုန်းသီးကိုဘုရားပွဲ၊ တရားပွဲ၊ ကန်တော့ပွဲများ ပြင်ဆင်ရာတွင် အသုံး ပြုကြသလို  မိရိုးဖလာ ကန်တော့ပွဲများတွင်လည်း အုန်းသီးကို ထည့်သွင်း အသုံး ပြုကြ ပါသည်။ အုန်းစိမ်းရည်သောက် တစ်လုံး အုန်းသီးတစ်လုံးဈေးနှုန်းမှာ ၃၅၀၀/၄၀၀၀ ကျပ် ဈေးနှုန်းအထိ ရောင်းချကြပြီး ဘုရားကန်တော့ပွဲ များနှင့်ရိုးရာကန်တော့ပွဲများတွင် အသုံးပြုသော အုန်းသီး ဈေးနှုန်း မှာ တစ်လုံးလျှင် ၅၀၀၀/၆၀၀၀ ကျပ်အထိ ရောင်းချနေကြောင်း အုန်းသီး  ငှက်ပျော ရောင်းချ သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)