အရောင်းသွက်သည့်ပဲနီပြားစျေးကွက်

Powered by Drupal

          ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။   မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၄၇၀၀၀၀ ကျပ်နှင့် ၅၀၀၀၀၀ ကျပ်၊ပဲနီပြား(တံတားဦး)၄၀၅၀၀၀ကျပ်နှင့် ၄၁၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၈၅၀၇ကျပ်နှင့် ၉၀၅၀ကျပ်၊ပဲနီပြား(တံတားဦး)၇၃၃၀ ကျပ်နှင့် ၇၄၂၁ကျပ် တို့ဖြစ် ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူစျေးမှာ တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း)၈၅၀၇  ကျပ် နှင့် ၈၆၈၈ကျပ်၊ပဲနီပြား(တံတားဦး) ၇၄၁၂ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခု နှစ် စျေးနှိုင်း ယှဉ်ပါကပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)