မကွေးမြို့၊ ရန်ပယ်ဈေး၌ ကုန်စည်နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် ( ၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၌ရောင်းချလျက်ရှိသော ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ငရုတ်သီးမှုန့်၊ အ‌ရောင်တင်မှုန့်၊ ပဲပြား (S/ K)၊ မုန့်ဟင်း ခါးဖတ်၊ ချင်းပေါက်၊ ငပိ၊ ဆားပုဇွန်၊ လက်ဖက်၊ ကွမ်းသီးစိပ်၊ ခေါက်ဆွဲခြောက်၊ ပုဇွန်ချဉ်၊ မျှစ်အနီ၊ ကြက်အူချောင်း တို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ  Mobile Lab Van     ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ပဲပြား (S) ၌ ခွင့်မပြုတာရှည်ခံ ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ပဲပြား (S) ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင် အား ဆက်လက်ရောင်းချခြင်းမပြုရန် အဖွဲ့စုံရှေ့တွင် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် သုံးစွဲရန် ခွင့်မပြုတာရှည်ခံဆေးသုံးစွဲထားသော ပဲပြား(S)အား ဖျက်ဆီး၍ မြို့ရှောင်လမ်းရှိ အမှိုက်စွန့် ပစ်နယ်မြေသို့ သွားရောက်ပြီး မြေမြှုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)