
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဒေသထွက်နာနတ်သီးများဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိသည်။ နာနတ်သီးများကို အလုံးအကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင် (၂၅၀၀) ကျပ်၊ အလုံးငယ်တစ်လုံးလျှင် (၁၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။
နာနတ်သီးစိုက်ပျိုးရာတွင် မြေနေရာသီးသန့်စိုက်ပျိုးရန်မလိုဘဲ ရော်ဘာ၊ နဂါးမောက်သီး၊ ဒူးရင်း၊ မင်းဂွတ်၊ ကျွဲကော်စသည့် အပင်ကြီးများ အောက်ခြေ၌ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ အချို့သောခြံပိုင်ရှင်များက ခြံစည်းရိုးမခတ်ဘဲ နာနတ်သီးပင်ကို ခြံစည်းရိုးအဖြစ် စိုက်ပျိုးကြ သည်။
နာနတ်သီးသည် အရသာရှိရုံသာမက အာဟာရနှင့်ဆေးဖတ်ဝင်ဂုဏ်သတ္တိများစွာ ပိုင်ဆိုင် သည်။ အပူပိုင်းဒေသထွက် အသီးဖြစ်သည်။ နာနတ်သီးသည် အာဟာရပြည့်၍ ရောဂါကာကွယ် နိုင်စွမ်းမြင့်မားသော အသီးဖြစ်သည်။ ၎င်း၏ အင်ဇိုင်းနှင့်ဓါတ်တိုးဆန့်ကျင်ပစ္စည်းများက နေ့စဉ် ကျန်းမာရေးပြဿနာများစွာကို ကုသနိုင်သော်လည်း ဆေးဝါးသုံးစွဲနေသူနှင့် ကိုယ်ဝန်ဆောင် များ ဆရာဝန်ညွှန်ကြားချက်ဖြင့် စားသုံးသင့်ကြောင်း သိရသည်။
DOCA (မွန်)