ကင်းမွန်ပြုတ်ခြောက် ဈေးနှုန်းဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပြီး ကင်းမွန်များ ဖမ်းဆီးရမိလျက်ရှိသည်။ မီးထွန်းထားသော ကင်းမွန်းဖမ်းလှေများဖြင့် ဖမ်းယူကြလေ့ရှိကြပြီး ကင်းမွန်ကို ရေခဲရိုက်၍ လည်းကောင်း အခြောက်လှန်း၍ သော်လည်းကောင်း ပြည်တွင်း/ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ကင်းမွန်ခြောက်ပြုလုပ်ရာတွင် သဘာဝအလျှောက် အနေဖြင့် အခြောက်လှန်းခြင်းနည်းနှင့် ပြုတ်၍ အခြောက်ပြုလုပ်ခြင်းဟူ၍ (၂)မျိုးရှိကြပြီး သဘာဝအနေဖြင့် အခြောက်ပြုလုပ်ထားသော ကင်းမွန်ခြောက်များအား ပို၍ ကြိုက်နှစ်သက်ဈေးကောင်းရရှိကြကြောင်း သိရှိရပါသည်။ ယခုအချိန် သြဂုတ်လသည် မိုးရာသီဖြစ်သောကြောင့် ကင်းမွန်မီးထွန်းလှေများမထွက်ရှိသေးဘဲ ငါးဖမ်းလှေများ မှ ရရှိသော ကင်းမွန်ငယ်များကိုသာ ကင်းမွန်ပြုတ်ခြောက်အဖြစ် ပြုလုပ်လျက်ကြောင်း သိရှိရပါ သည်။

    မြိတ်မြို့တွင် စက်တင်ဘာလပထမပတ်စျေးနှုန်းအရ ကင်းမွန်ပြုတ်ခြောက် နို့စည်ဗူးတစ် ပုံးလျှင် ၅၀ဝ၀ကျပ်ခန့် ဈေးရရှိကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)