ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  (၈-၉-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဝန်ထမ်း(၃)ဦး၊ စည်ပင်(ဈေးများဌာန)တို့ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ  ကုန်မျိုးစုံ အရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ကုန်ပစ္စည်း များ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့၍ စားအုန်းဆီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ခွဲရောင်းချမှု အခြေအနေအား အထူး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (နေပြည်တော်)