အရောင်းသွက်သည့်မိုးရာသီစာမှိုစျေးကွက်

Powered by Drupal

          မန္တလေးစျေးကွက်အတွင်းသို့  မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုး အစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊   ဝါးမှိုများ ဖြစ်ပါကြောင်း သိရပါသည်။၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း မှိုအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ  ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး  ၇၀၀ဝိ/-စျေး၊လက်လီစျေး ၈၀၀ဝိ/-နှင့်၉၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင်လက္ကားစျေး ၉၅၀ဝိ/-၊လက်လီစျေး၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)   လက္ကားစျေး  ၃၀၀၀ဝိ/- နှင့်လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး  အသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်း၊ မိုးရာသီစာ မှို မှာ မန္တလေးစျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးမှ သိရှိရပါသည်။

DOCA(မန္တလေး)