
ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှ မှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော ရေထွက်ကုန် ပစ္စည်းဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၁၂၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(လုံး)(၁) ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၂၅၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁) ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးရောင်ခြောက် (၁)ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁) ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ အလှူအတန်းများ ပြုလုပ်ရာတွင် ရေထွက်ကုန်ပစ္စည်းများကို အသုံးပြုကြသဖြင့် အရောင်းဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)
