
မိုးရာသီအချိန်ဖြစ်၍ မန္တလေးစျေးကွက်အတွင်း ပန်းကုံးဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီး မြို့နယ်၊မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပား ဒေသ)တို့မှထွက်ရှိသည့်ပန်းများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသည့်ပန်းများ ဝင်ရောက် မှုများပြားကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ပန်းကုံးလက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျင် ၁၅၀ဝိ/-နှင့် ၂၀၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၅၀ဝိ/-နှင့် ၁၈၀ဝိ/-၊ စကားဝါ ပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊သနပ်ခါးပန်း၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ ကုံးပါ တစ်တွဲလျင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-၊ခရေပန်း ၁၀ ကုံးပါတစ်တစ်လျင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ သီရိမာလာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။
DOCA(မန္တလေး)