“ထောပတ်သီးစျေးကွက်”

Powered by Drupal

           ပြင်ဦးလွင်မြို့နယ်အတွင်းတွင် ထောပတ်သီးများကို ယခင်က မိရိုးဖလာ အိမ်ခြံဝန်းအတွင်းမှာသာစိုက်ပျိုးခဲ့ရာမှ ၂၀၁၈-၂၀၁၉ ခုနှစ်ဝန်းကျင်တွင် ဒေသမျိုးများအပြင် နိုင်ငံခြားမျိုးများဖြစ်သော Hass၊ ဗာကေးနီးယား၊ ပင်ကာတန် စသည့်မျိုးများကိုတိုးချဲ့ပြီး စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ယခုအချိန်တွင် စိုက်ဧက(၆၀၀)ကျော် စိုက်ပျိုးလာသည်ကိုသိရှိရပါသည်။ ပြင်ဦးလွင် ထောပတ်သီးအသင်းမှလည်း ဒေသတွင်း ထောပတ်သီးစျေးကွက်ခိုင်မာရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် အသင်းဝင်အဖွဲ့များ၊ ခြံရှင်လုပ်ငန်းရှင်အဖွဲ့များနှင့် ကျေးရွာအထိ ကွင်းဆင်းကာလိုအပ်ချက်များ၊ ပိုးကျရောက်မှုများ၊ အသီးမတင်ခြင်းများကို စုပေါင်းဝိုင်းဝန်း လုပ်ဆောင်နေကြောင်း၊အသင်းဥက္ကဌ ဦးအောင်ကိုထွန်းနှင့်တွေ့ဆုံဆွေးနွေးမှုအရသိရှိရပါသည်။ ယခုလအတွင်းတွင် ခရီးသွားဧည့်သည်များဝင်ရောက်မှုများနေတဲ့အပေါ်မှာ ထောပတ်သီးဝယ်ယူ သုံးစွဲမှု လွဲမှားမှုမရှိအောင် လမ်းဆုံ၊လမ်းခွများတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသွားရန်ဆောင်ရွက်နေကြောင်း ယခုအချိန်တွင် ဒေသမျိုးများကောင်းစွာရင့်မှည့်ခြင်းမရှိသေးသော် လည်းစျေးကွက်ထဲသို့စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ ထောပတ်သီးစျေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၅၀၀-၇၀၀-၁၀၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ နိုင်ငံခြားမျိုးများလည်း မကြာခင်စျေးကွက်ထဲသို့ အများအပြားဝင်ရောက်လာတော့မှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)