
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့် အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်း ပခုက္ကူခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ဒုတိယ ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ပခုက္ကူ ခရိုင်ရုံးဦးစီးမှူးရုံး၌ မိဘပြည်သူများအား လည်းကောင်း၊ အမှတ်(၃/၅)အခြေခံပညာ အထက်တန်း ကျောင်း၌ ဆရာ /ဆရာမနှင့်ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ အမှတ်(၁)အခြေခံ ပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ အလယ်ပိုင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ နှင့်ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံမှ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ စားသုံး သူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပခုက္ကူခရိုင်မှ(၅)ကြိမ်နှင့် ဂန့်ဂေါ ခရိုင်မှ(၁)ကြိမ်စုစုပေါင်း (၆)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)