ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှိ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိစစ်ဆေးခြင်း

Powered by Drupal

             ရန်ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှိ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိစစ်ဆေးခြင်းကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများသည် ၃-၉-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ရန်ကင်း မြို့နယ်၊ ရန်ကင်းစင်တာရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍  အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအ မှတ်အသားများ မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများဖြစ်သော Clear ခေါင်း လျှော်ရည် ၊  head& shoulder ရေချိုးဆပ်ပြာ၊ bubble ရေချိုးဆပ်ပြာ ၊ Palmolive ခေါင်းလျှော် ရည်၊ Bella မျက်နှာသစ်ဆေး၊  Goat Milk ရေချိုးဆပ်ပြာ ၊ White Spa Lotion စသည့်ပစ္စည်း များတွင် အမျိုးအမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်ကုန်အညွှန်း အမှတ်အသားပြည်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် အလှကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)