
မိတ္ထီလာကုန်စည်ဒိုင်တွင် ယခုစက်တင်ဘာလပထမပတ်တွင်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀-၈၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၉၀၀၀၀-၉၂၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင်(၅၈၀၀-၆၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်၊ နှမ်းဆီ(၁၃၀၀၀-၁၅၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၇၅၀-၂၈၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံ ဈေးနှုန်းများတည်ငြိမ်နေပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် V2 ကုလားပဲတစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊929တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင်(၈၈၀၀၀-၉၀၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများလည်းတည်ငြိမ်နေကြောင်း သိရပါသည်။
စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင်(၈၀၀-၉၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၁၀၀၀၀-၁၂၀၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ငရုတ်သစ်နှင့် ကြက်သွန်နီဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်းသိရပါသည်။
ဈေးကွက်အနေဖြင့် ဆီထွက်သီးနှံနှမ်းနှင့်ပဲမျိုးစုံကို ဒေသတွင်းဆီကြိတ်စက်များ၊ ပဲခွဲစက်များအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ ငရုတ်၊ကြက်သွန်ကို ရန်ကုန်၊ ပဲခူး၊ မြဝတီ၊ တာချီလိတ်၊ ဘားအံ့၊ မော်လမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။
DOCA(မန္တလေး)