လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၀၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၇၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၀၃၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၂၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

     ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၉၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၈၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၀၀၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၃၉၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၁၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ လျှင်(၂၅)ကျပ်ဖြင့် ဈေးနှုန်းများ အသီးသီးမြှင့်တက်လာပြီး Octane(95)တစ်လီတာလျှင်(၁၅)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)