
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးနှင့်စည်ပင်သာယာဈေးကြီးအတွင်း သစ်သီးတန်းများ၊ ဗိုလ်ချုပ်လမ်းနှင့် ဘဘလမ်းအတွင်းရှိ သစ်သီးအရောင်းဆိုင်များတွင် မြင်းခြံမြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှထွက်ရှိသောဖရဲသီးများနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီဒေသမှထွက်ရှိသော ဖရဲသီး(ဒုံးကျည်သီး)များကို ရောင်းချလျက်ရှိရာ ဒေသခံအများပြည်သူများကြိုက်နှစ်သက်၍ ဝယ်ယူစားသုံးလျက်ရှိပါသည်။ ရောင်းဈေးများအနေဖြင့် အလုံးအကြီးအသေးအပေါ်လိုက်၍ (၂၀၀၀)ကျပ်မှ(၃၀၀၀)ကျပ်အထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဖရဲသီးတွင်ပါဝင်သော ဗီတာမင်နှင့်သတ္တုဓာတ်များသည် ခန္ဓာကိုယ်၏ ရေဓာတ်ကိုပြည့်ဝစေသင့်အပြင် ကျောက်ကပ်ပျက်စီးမှုနှင့် ကင်ဆာရောဂါများကို ကာကွယ်ဟန့်တားပေးနိုင်သည့် အကျိုးအာနိသင်များရှိပါသည်။ မြန်မာလူမျိုးများသည် ကွမ်းယာစားသုံးခြင်းများ များသည့်အတွက် ကွမ်းဂျိုးများကျစေသည့်အတွက် ကွမ်းစားသူများအဖို့ ဖရဲသီးသည် စားသုံးပေးသင့်သောအသီးတစ်မျိုးလည်းဖြစ်ပါသည်။ ခေတ်နှင့်အညီ ထုတ်လုပ်ထားသော အစားအစာများကို စားသုံးခြင်းအစား သဘာဝအသီးအနှံများကို စားသုံးပေးခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ဈေးကွက်ဖြစ်ထွန်းကာ ဒေသတွင်းစိုက်ပျိုးရေးတောင်သူများအတွက်လည်း အကျိုးစီးပွားများ ဖြစ်ထွန်းအောင်မြင်လာမည်ဖြစ်ပါသည်။
DOCA(မန္တလေး)