၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ မကွေးတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် မကွေး၊ ချောက်၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ပခုက္ကူခရိုင်များရှိ အရာထမ်း/ အမှုထမ်းများသည် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိပါသည်။

       မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဩဂုတ်လထိ အသိပညာပေးဟောပြောပွဲ လျာထား (၈၆)ကြိမ်တွင် (၁၁၇)ကြိမ်၊ လုပ်ငန်းရှင်တွေ့ဆုံခြင်း လျာထား(၁၆၀) ကြိမ်တွင် (၂၂၅)ကြိမ်၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၃)ကြိမ်နှင့် သင်တန်း(၅)ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး အသိပညာပေးနိုင်မှု လူဦးရေမှာ စားသုံးသူ ဦးရေ(၅၁၈၈)ဦး၊ စီးပွားရေးလုပ်ငန်းရှင်ဦးရေ(၁၉၂၇)ဦးရှိကြောင်း သိရှိရပါသည်။ နေရာဒေသအလိုက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုအနေဖြင့် အခြေခံပညာကျောင်းများတွင် (၂၄)ကြိမ်၊ တက္ကသိုလ်/ ကောလိပ်/ အသက်မွေးဝမ်းကျောင်းများတွင် (၂)ကြိမ်၊ ဈေးများတွင် (၁၀)ကြိမ်၊ ကျေးရွာများတွင် (၁၇)ကြိမ်၊ ရပ်ကွက် များတွင် (၄၅)ကြိမ်၊ (တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်) ဌာနဆိုင်ရာများတွင် (၁၅)ကြိမ်၊ Onlineမှ (၄)ကြိမ်၊ စုစုပေါင်း (၁၁၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ တိုင်ကြားနိုင်သည့် ဦးစီးဌာနအနေနှင့် တိုင်ကြားမှုတွင် ပါဝင်သိရှိရမည့် အချက်အလက်နည်းလမ်းများနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဥပဒေစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( မကွေး)