ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၃.၉.၂၀၂၅)ရက်နေ့တွင် လပွတ္တာမြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယာဉ်အမှတ် 1J.4526 ၊ 1K. 3218 နှင့် 2H.3472 )မော်တော်ယာဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၇)ပေပါ လပွတ္တာမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံမှရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ် တို့ဖြင့် လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/လက်လက္ကားဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)