စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးနေမှုများ

Powered by Drupal

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ရပ်ကွက်များ၊ ကျေးရွာများသို့ စားသုံးဆီများကိုဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ၁၄-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင်ဒေါ်နီလာထွေးဦးဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈)နှင့် ရုံးအမှတ် (၄၁)တို့တွင် ဆီပိဿာချိန် (၁၀၉၆) ပိဿာကို တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့‌ကြောင်းသိရှိရပါတယ်။

   ယနေ့ ၁၅-၉-၂၀၂၂ ရက်နေ့မှာတော့ လယ်ဝေးမြို့နယ်ရှိ စာသင်ကျောင်း (၁၈)တွင်တာဝန် ထမ်းဆောင်နေကြသောဝန်ထမ်းများနှင့် မြကန်သာကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးအေးထွန်းမှ ဆီပိဿာချိန် (၆၆၀)ရောင်းချပေးခဲ့ပြီး၊ ဆီလုပ်ငန်းရှင် ဒေါ်ခင်ရတနာမှ မှန်တောကျေးရွာတွင် ဆီပိဿာချိန် (၆၆၀)ကို တစ်ပိဿာချိန် (၅၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့ပါတယ်။

    ဆက်လက်၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ပျဉ်းမနားဆီလုပ်ငန်းရှင်များမှ ဆီပိဿာချိန်(၂၆၄၀)ရောင်းချပေးခဲ့ကြောင်းနှင့် ဒက္ခိဏသီရိမြို့နယ်တွင် ဆီလုပ်ငန်းရှင် ဦးဇင်မင်းထက် နှင့် ဒေါ်ကြည်ကြည်လွင်တို့မှ ဆီပိဿာချိန်ပေါင်း (၁၃၂၀)ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

   ပုဗ္ဗသီရိမြို့နယ်ရှိ ဝဲကြီးကျေးရွာနှင့် အင်းတိန်ကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်မှ ဆီပိဿာချိန် (၆၆၀)ကိုရောင်းချပေးခဲ့ကြောင်းနှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ဂတ်ချိုင်းကျေးရွာနှင့် မဲအင်းကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်သာယာနုဝေစံမှ ဆီပိဿာချိန် (၆၆၀)ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)