
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ “ဆေးတံခွန်” ဆေးနှင့်ဆေးအပိုပစ္စည်း အရောင်း ဆိုင်သို့(၂.၉.၂၀၂၅) ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်တွင် မြင်းခြံခရိုင် စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)ဦးဆောင်၍ ဝန်ထမ်းများသည် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ရောင်းချ မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချ မှုရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပါဝင်မှုရှိ/မရှိ တို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်အညီ တရားဝင်ဆေးဝါးများကိုသာရောင်းချ ကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်းများအား စစ်ဆေးတွေ့ရှိရပြီး၊ ဆေးဆိုင်တာဝန်ရှိသူများအနေဖြင့် မိမိရောင်းချသော ဆေး ဝါးများနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်၊ အာမခံချက်များကို စားသုံးသူများအားသိရှိစေရေး၊ သက်ဆိုင် ရာဌာနများ၏ လမ်းညွှန်ချက်များ နှင့်အညီရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းလည်း သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင် ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)