ဘိုကလေးမြို့နယ် ကျော်စွာသိန်းဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂.၉.၂၀၂၅) နံနက် (၁၀:၃၀) နာရီအချိန်တွင်  သစ်တိုချောင်းကျေးရွာရှိ ဦးမြင့်သိန်းပိုင် ကျော်စွာသိန်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေး ပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှုရှိစေရေး ၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ များ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထား ရှိမှု အခြေအနေ၊  နည်းစနစ်သစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေး နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထား ရှိမှုအခြေအနေ တို့ကို ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)