
ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည်၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ သမက်ပြေကျေးရွာရှိ “သူရိန်လင်း”ဆန်စက်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် သွားရောက်၍ MSMEsလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးအရည် အသွေး ပြည့်မီရေး၊အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာ နည်းစနစ်သစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ် နိုင်ပြီး ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်ခြင်း၊ အလုပ်သမား မိသားစုများ စားဝတ်နေရေး ပြေလည်နိုင်စေခြင်း၊ စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(Doca ဧရာဝတီ)