
၅-၉-၂၀၂၅ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့စုံနှင့်အတူ အမှတ်၉ ရပ်ကွက် ဆီလက်လီ ကိုယ်စားလှယ်များ ဆီစာအုပ်ဖြင့် ဝယ်ယူနေမှု လုပ်ငန်းများကို သတ်မှတ်ချက်များနှင့် အညီ ရောင်းချမှု ရှိမရှိ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေး ရာဦးစီးဌာန အနေဖြင့် စားအုန်းဆီများကို ပြည်သူလက်ဝယ် အမှတ်တကယ် ရောက်ရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိပြီး ၊ ဆီရာင်းချသူလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့်အညီ မျှတစွာ ရောင်းချစေရန်၊ အစိုးရထုတ် အိမ်ရှင်မဆီများ သတ်မှတ်နေရာများသို့ အလေးချိန်မှန်၊ ဈေးနှုန်းမှန်၊ စွာ ရောက်ရှိစေရေးကို ကြပ်မတ်ဆောင်ရွက်စစ်ဆေးလျက်ရှိပါသည်။ ညောင်တုန်းမြို့နယ် အမှတ် ၉ရက်ကွက်ရှိ ဦးကောင်းထက်၊ ဦးရဲထွန်း၊ ဦးခင်မောင်ချို စားအုန်းဆီ လက်လီအရောင်းဆိုင်များတွင် ပြည်သူများ ဆီထုတ်ယူခွင့် စားအုပ်ဖြင့် ရောင်းချနေမှုကို စစ်ဆေးပြီး ပြည်သူများကိုလည်း သတ်မှတ်ရက်အတွင်း ရရရှိမည် ဆီပိဿာများကို ထုတ်ယူကြရန်၊ ဆီစာအုပ်များကို ကျပျောက်ခြင်းများဖဖြစ်ပေါ်ပါက ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း ဆိုင်ရှင်ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာဖြင့် ထပ်မံထုတ်ယူနိုင်ကြောင်း၊ ဆီစာအုပ်ပျောက်ပါက မည်သည်ထောက်ခံချက်မပါပဲ ပြန်လည်ထုတ်ယူပါက စာအုပ်များကို မသာမာသူများက လိမ်လည်၍ ထုတ်ယူခြင်းများ ဖြစ်မည်စိုး၍ သတိပြုသိမ်းဆည်းကြရန်ကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)