မအူပင်မြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီလက်ကား အရောင်းဆိုင် ၅ဆိုင် သို့ ၅-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်း (၉:၀၀)နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါစားအုန်းဆီရောင်းချသည့် လက်လီဆိုင်များမှ စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေးဖြင့် ဝယ်ယူကာ ၂ ရာခိုင်နူန်းအမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စု စာအုပ်ဖြင့် (၇)ရက်တစ်ကြိမ် ၅၀ ကျပ်သားနှုန်းဖြင့် နံနက် ၇:၀၀ နာရီမှ ညနေ ၃:၀၀ နာရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦးက စားအုန်းဆီများကို စားသုံးသူများ လက်ဝယ်အရောက် ရောင်းချသွားရန်၊ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနူန်းဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)