
မအူပင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ရပ်ကွက်များကို အလှည့်ကျ စားအုန်းဆီများကို ရောင်းချပေးနေကြောင်း သိရသည်။
ဆီရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် စားရေးများက ကြပ်မတ်၍ ၆-၉-၂၀၂၅ ရက်နေ့တွင် ဆီပိဿာ ၅၅၀ ပြည်သူတစ်ဦးလျှင် ၅၀ကျပ်သားနှုန်းဖြင့် မအူပင်မြို့နယ် ၁၁ရပ်ကွက် ပြည်သူများကို စားအုန်းဆီရောင်းချပေးနေကြောင်းသိရပြီး ၇-၉-၂၀၂၅ ရက်နေ့တွင် မအူပင်မြို့နယ် ၁၂ရပ်ကွက်ရှိ ပြည်သူများအား ဆီပိဿာ ၇၅၀ သတ်မှတ်ရည်ညွှန်းဈေး ၆၇၈၀ ကျပ်ဖြင့် လူတစ်ဦးလျှင် ၅၀ကျပ်သားနှုန်းဖြင့် နေ့စဉ် ရောင်းချပေးနေကြောင်း ရပ်ကွက်အတွင်း မှ သိရသည်။ ယခုလို ရောင်းချပေးခြင်းကြောင့်လည်း ပြည်သူများ ဆီဝယ်ယူရရှိမှု အဆင်ပြေလျက်ရှိကြောင်း ကြားသိရသည်။
DOCA(ဧရာဝတီ)