မအူပင်မြို့နယ် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် စျေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ သုံးစွဲသူများ  စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ပြည်ပမှ တရားမဝင်တင် သွင်းမှုမရှိစေရေးနှင့် စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ အခက်အခဲလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အတွက် ရည်ရွယ်၍ မအူပင်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား   ၆-၉-၂၀၂၅ ရက်နေ့ နံနက် ၉:၀၀ နာရီက သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

   ထိုသို့သွားရောက်စစ်ဆေးရာတွင် မြို့နယ်စက်သုံးဆီစျေးနှုန်း စောင့်ကြည့်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူး တို့က စက်သုံးဆီစျေးနှုန်းများ မှန်ကန်မှုရှိ/မရှိ ၊ ဆီပန့်လီတာများ မှန်ကန်မှုရှိ/ မရှိနှင့် ဆီလှောင်ကန်များ အန္တရာယ်ကင်းရှင်းမှုရှိစေရေး စစ်ဆေးပြီး   မြို့နယ်မီးသတ်ဦးစီးမှူး မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ နှင့်ပတ်သက်၍ ဆောင်ရန် /ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ၊ မီးလောင်မှုမဖြစ်စေရေးအတွက် စက်သုံးဆီများကို သတိရှိစွာ စနစ်တကျအသုံးပြုစေရေးနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံနည်းစနစ်များကို လက်တွေ့သရုပ်ပြသခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)