
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်း များတွင် ရောင်းချနေသည့် မုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ၅-၉-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးခိုင်လွမ်းမိုးက စစ်ဆေးရာ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်း ၅ဆိုင်တွင် ရောင်းချနေသည့် မုန့်များတွင် FDA ခွင့်ပြုချက် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိမရှိ ရက်လွန်မုန့်များ ရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျ ထားသိုရောင်းချ ခြင်းရှိ/ မရှိတို့ကို ကျောင်းတာဝန်ခံ ဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။
ဓနုဖြူမြို့တွင် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး နှင့် ဌာနဆိုင်ရာအဖွဲ့များက ကျောင်းသား/ကျောင်းသူများ မိုးရာသီကာလ မသန့်ရှင်းသော အစားအစာများကြောင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများမဖြစ်ပွားစေရေးအတွက် ကျောင်းမုန့်စျေး တန်းများ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)