မအူပင်မြို့နယ် ဆန်စက်နှင့် သိုလှောင်ရုံများ စပါး/ဆန် လက်ကျန် သိုလှောင်မှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့်အတူ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ပါဝင်သော စစ်ဆေးရေးအဖွဲ့တို့သသည် မအူပင်မြို့နယ် သိုလှောင်ရုံ မှတ်ပုံတင်ပြီးသော ဆန်စက်/သိုလှောင်ရုံများ၏ စပါး/ဆန် လက်ကျန်အခြေအနေမှန်များကို ကွင်းဆင်းစစ် ဆေးခြင်းလုပ်ငန်းကို ၉-၉-၂၀၂၅ ရက်နေ့ နံနက် ၉နာရီ ခွဲအချန်က လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     စစ်ဆေးရာတွင် မအူပင်မြို့နယ်အနေဖြင့် MyRo မှတ်ပုံတင်ပြီး ဆန်/သိုရုံ များ ၃၆လုံးရှိပြီး ထိုလုပ်ငန်း များမှ လစဉ် ၇ရက်နေ့တွင် ဆန်/စပါး သိုလှောင်ထားရှိမှု ကုန်ရ၊ ကုန်ထုတ် လက်ကျန်အမှန်တကယ်အခြေအနေများကို MyRo တွင် ဖြည့်သွင်း ဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှု ရှိမရှိကို ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းရှင်များကို ၂၀၂၅ခုနှစ်အတွင်း သက်တမ်း ၁နှစ်ပြည်မီသူများ ထပ်မံသက်တမ်းတိုးခြင်း လုပ်ငန်းများဆောင်ရွက်ကြရန် အသိပေးပြောကြားပြီး သတ်မှတ်ချက်များအတိုင်း လိုက်နာမှု မရှိသော လုပ်ငန်းများ စစ်ဆေးတွေ့ရှိရပါသည်။ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆန်စက်များကြိတ်ခွဲလည်ပတ်မှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)