ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     (၁၀-၉-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး)ဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်(ဈေးများဌာန)၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့နှင့် ပူးပေါင်း၍  ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ဈေးအတွင်းရှိ  ကုန်မျိုးစုံအရောင်းဆိုင် များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာ သာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင် ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့၍ ဆန်အရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်းရှိ/မရှိ အခြေအနေအား အထူးဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)