မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်း)အသင်းအား ဖွဲ့စည်းခြင်းဆောင်ရွက်မှုအား မြိတ်ခရိုင်မှ ပူးပေါင်းဆောင်ရွက်

Powered by Drupal

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်နှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းစိုက် ပျိုးရေးဦးစီးဌာနတို့မှ မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာ ရီတိုင်း)အသင်းအား ဖွဲ့စည်းနိုင်ရေးအတွက် Zoom Meetingဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုကြီးကြပ်‌ဦးစီးဌာနတို့အပါအဝင် ဒူးရင်း စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများနှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမတွင် အတူတကွ တက်‌ရောက်၍ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ (တနင်္သာရီတိုင်း)အသင်းအား ဖွဲ့စည်းခြင်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

    ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(တနင်္သာရီတိုင်း)အသင်းအားဖွဲ့စည်း ဆောင်ရွက်ရာတွင် ဒေသထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် လွယ်ကူချော့မွေ့စေရေး၊ အစုအဖွဲ့များ ဖြင့်ဆောင်ရွက်ပါက ပိုမိုတိုးတက်လာပြီး အောင်မြင်စေရန်နှင့် အခွင့်အလမ်းကောင်းများရှိနိုင် ကြောင်းတို့ကိုပြောကြားခဲ့ပြီး စိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကြိုးစားအား ထုတ်ပြီး အမြို့မြို့၊ အနယ်နယ်မှ အဖွဲ့အစည်းများဖြင့် ဆက်သွယ်မှုအားကောင်းစေရေး ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်များဖြင့် ရွေးချယ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တန‌င်္သာရီ)