
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဌေး(ရုံးအုပ်) ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ ရောင်းချလျက်ရှိသောဆေးဆိုင်များတွင် ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာ ချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြင့်တင် ရောင်းချမှုရှိ/မရှိ၊ စပ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးများ ပြတ်လပ်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့်ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)