
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်တင်တင်အေး(ဒု-တိယဦးစီးမှူး) ဦးဆောင်သော စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ရေအေးကွင်းရပ်ကွက်ရှိ “ဇွန်စတိုး”ဆိုင်အား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ စတိုးဆိုင်များတွင် ရောင်းချနေသော အသင့်သောက်ကော်ဖီထုပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)