ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ “ရွှေဒေါင်း” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ၊ ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ ဒေါ်ကျင်သန်းပိုင်“ရွှေဒေါင်း” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဆန်စက်ပိုင်ရှင်အသင်း၊ ဆန်/စပါး လုပ်ငန်းရှင်အသင်း၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပေါ်ဆန်းစပါးထားသိုမှု၊ လက်ကျန်အခြေအနေများကို ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြ ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်ပတ်နေ မှုအခြေအနေ၊ လုပ်သားအင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ၊ တွက်ခြေ ကိုက်မှု အခြေ အနေ၊ ဆန်/စပါး လက်ကျန် အခြေအနေနှင့် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေး ပြည့်မှီရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)