စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၈.၉.၂၀၂၅) ၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့ ၊ တပေတမော့ ကျေးရွာရှိ စက်သုံးဆီဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် တပေတမာ့ ကျေးရွာရှိ စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော 92 ၊ 95 Disel ၊ PHSD စသည့် စက်သုံးဆီဈေးနှုန်းကို ကွင်းဆင်းစိစစ်ခဲ့ရာ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချနေကြောင်း  ဈေးကွက်စောင့်ကြည့် စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)