
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဦးတင်စိုးနိုင်(ဦးစီးမှူး) နှင့် ဦးဝင်းသွင်(ရုံးအုပ်) တို့သည်(၁၂.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းအကျိုးတော်ဆောင် စုစုပေါင်း(၁၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲ၌ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသား များ၊ သတိပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အစားအသောက်များရောင်းချရာ တွင်သန့်သန့်ရှင်းရှင်းရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးရန်မသင့်သောအစားအစာများကိုရောင်း ချရန်မသင့်ကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်၍ဖြစ်စေ၊ www. doca. gov.mm website မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း အဆိုပါတိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာန မှလက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)