မြောင်းမြခရိုင်‌၊ ဝါးခယ်မမြို့နယ် ဝါးခယ်မမြို့ပေါ်ရှိအိမ်ထောင်စုများအား ဆီဝယ်ခွင့်စာအုပ်ဖြင့် ရောင်းနေမှု အပေါ်ကွင်းဆင်းစိစစ်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည် (၉.၉.၂၀၂၅)ရက်နေ့၊နံနက်(၉:၃၀)အချိန်တွင် ဝါးခယ်မမြို့ပေါ်ရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ဖြင့် ဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူပြည်သူမျာအား ရောင်းချပေးလျက်ရှိ သော စားအုန်းဆီများကို ဈေးနှုန်းမြင့်မှုရောင်းချမှုရှိမရှိ၊ အလေးချိန်ပြည်ဝမှန်ကန်စွာရောင်းချမှုရှိ မရှိ ကွင်းဆင်း ဆေးခဲ့ရာ ဈေးနှုန်း၊အလေးချိန်မှန်ကန်စွာရောင်းချပေးနေကြောင်းတွေ့ရှိရပြီး ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ အလေးချိန်မပြည့်ဝ မှန်ကန်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)