မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ၊မုန့်မျိုးစုံဆိုင်များတွင်အခြားထုတ်ပိုးမှုဖြင့် ရောင်းချနေသောပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများ သည်(၉.၉.၂၀၂၅)ရက်နေ့၊ နေ့လည်(၁;၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ၊မုန့်မျိုးစုံဆိုင် များတွင်အခြားထုတ်ပိုးမှုဖြင့် ရောင်းချနေသော ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုး၊မုန့်မျိုးစုံဆိုင်များတွင် အခြားထုတ်ပိုးမှုဖြင့် ရောင်းချနေသော ပစ္စည်းများအား ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှုရှိ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ပေးရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုနါအညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာကြရန် ဈေးကွက်အတွင်းရောင်းချ နေသောကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည်စုံမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု များစဉ်ဆက်မပြတ်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)