အမှတ် ၂ ရပ်ကွက်တွင် စားအုန်းဆီနှင့် ဆန်များ ပြည်သူများကိုသက်သာသောဈေးဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ် အမှတ် ၂ရပ်ကွက်တွင် ၉-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဥက္ဥဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံအရှေ့တွင် ဆန်/ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

          ရောင်းချရာတွင် စားသုံးသူပြည်သူများအား ဆန် ၅အိတ် ၁ပြည်လျှင် ၃၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဆီ ၁၁၀ ပိဿာကို ရည်ညွှန်းဈေး ၆၈၈၀ကျပ်ဖြင့် လူတစ်ဦးလျှင် ၅၀ကျပ်သားနှုန်းဖြင့်လည်းကောင်း ဩဂုတ်လဆန်းပိုင်းတည်းက စက်တင်ဘာလများအတွင်းလည်း ပြည်သူများကိုနေ့အလိုက် ရက်ကွက်နေပြည်သူ များအား မည်သူမဆိုလွပ်လပ်စွာ ဝယ်ယူနိုင်ရန်ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)