ကျိုက်လတ်မြို့နယ် သဗြုဆိပ်ညောင်ချောင်းကျေးရွာရှိ (အ.ထ.က) ကျောင်းတွင် စားသုံးသူ အသိပညာ ပေးခြင်း

Powered by Drupal

     ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် သဗြုဆိပ်ညောင်ချောင်းကျေးရွာ(အ.ထ.က) ကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူ (၂၃၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးရန် မသင့်သော အစားအသောက်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး(၈) ချက်အကြောင်း တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထား ရှိကြောင်း Call Centre 1535 သို့ ဆက်သွယ်မေး မြန်း တိုင်ကြားနိုင်ကြောင်း နှင့် စားသုံးသူကာကွယ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)