ဒေးဒရဲမြို့နယ်ရှိ “ဧရာမင်း” ဖုန်းနှင့်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့ သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ပြည်တော်သာလမ်းရှိ “ဧရာမင်း” ဖုန်းနှင့်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ပက်သက်၍ စားသုံးသူများ စိတ်ကျေိနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင် အသိပေးချက်များ ရှိ/မရှိ ၊ တိုင်ကြားမှုများအား ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာ ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ကွန်ရက် ချိတ်ဆက်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုလည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)