“ဆာဝါဒီ” အမှတ်တံဆိပ် အချိုရည်မျိုးစုံ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

    ၈.၉.၂၀၂၅ ရက်နေ့တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် “ဆာဝါဒီ” အမှတ် တံဆိပ် အချိုရည်မျိုးစုံ ထုတ်လုပ်သည့်လုပ်ငန်းရှင် ဦးတင်စိုးလင်းနှင့် တွေ့ဆုံခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အချိုရည်မျိုးစုံအား သက်ဆိုင်ရာဌာန၏ ခွင့်ပြု/ ထောက်ခံချက်များဖြင့်သာ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဠာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ကိုလိုက်နာရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)