အသင့်သောက်အချိုရည်အမျိုးမျိုး စျေးကွက်စစ်ဆေးခြင်း

Powered by Drupal

  ၉.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် သထုံမြို့ပေါ်ရှိ မြို့မစျေးဆိုင်သို့သွားရောက်၍ အသင့်သောက် အချိုရည်အမျိုးမျိုးတို့ကို သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

   ထိုသို့ စျေးကွက်အတွင်းရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးရာတွင် အချိုရည်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားခြင်း ရှိ/မရှိ ၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါသော အသင့်သောက် အချိုရည်အမျိုးမျိုးကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)