“ပြင်ဦးလွင်ရှိ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

     ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၈)ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော စိတ္တသုခ၊ဖိုးလမင်း၊လမင်းတစ်ရာ၊ယမင်း ဆေးဆိုင်များသို့စစ်ဆေးရာတွင် လုပ်ငန်းလိုင်စင် ရှိ/မရှိ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချမှုရှိ/မရှိ သောက်ဆေးအမျိုးမျိုး၊လိမ်းဆေးအမျိုးမျိုး၊တိုင်းရင်းဆေး အမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ကြိုတင် သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်း များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)