မိုးဝသုန်ဖန်စီလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

   (၈.၉.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဉီးဇော်မြင့်သည် အမှတ်(၂၉)၊ သရက်ခြံ ကျေးရွာ၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ မိုးဝသုန်ဖန်စီလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဉီးဇော်မြင့်က မိုးဝသုန်ဖန်စီ ပိုင်ရှင် ဒေါ်မိုးစန္ဒီမြင့်နှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/မရှိစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့်အခြား သိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)