ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော သင်္ဘောသီးစိမ်းဈေးနှုန်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ပုသိမ်မြို့မဈေးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချ ကြကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ပုသိမ်မြို့နယ် ဈေးများ၌ ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်းမှာ သင်္ဘောသီးစိမ်း(၁)လုံးလျှင် (၈၀၀)မှ (၁,၀၀၀)ကျပ်၊ (၃)လုံးလျှင် (၂,၅၀၀)မှ (၃,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။

      ပုသိမ်မြို့နယ်အတွင်း သင်္ဘောသီးစိမ်းများကို မြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ကညင်ကွန်းကျေးရွာ၊ ကျွန်းတောကျေးရွာ၊ ကျောင်းကုန်းကျေးရွာများမှ အဓိကရောင်းချကြပြီး ဒေသထွက်ဟင်းသီးဟင်းရွက်များအဖြစ် စားသုံးသူများက နှစ်သက်စွာ ဝယ်ယူစားသုံးလျက် ရှိကြောင်း သိရှိရသည်။ မိုးရာသီဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသော်လည်း ဒေသထွက်ထုတ်ကုန်များဖြစ်သည့်အတွက် ဈေးနှုန်းအတန်အသင့် သက်သာမှုရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)